29 C
Yangon

ကျင်းဒွေးမြို့ကို ချင်းညီနောင် စစ်ဆင်ရေး ပူးပေါင်း အဖွဲ့က သိမ်းပိုက်လိုက်ပြီး ချင်းပြည်နယ် တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး အစီအစဉ် ဆွဲထားဟု ချင်းညီနောင် စစ်ဆင်ရေး အဖွဲ့ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၃၀

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းညီနောင် စစ်ဆင်ရေးအဖွဲ့က သိမ်းပိုက်လိုက်ပြီး ချင်းညီနောင် စစ်ဆင်ရေးအဖွဲ့သည် ချင်းပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိရေးအတွက် အစီအစဉ်ဆွဲထားကြောင်း ချင်းညီနောင်စစ်ဆင်ရေး အဖွဲ့မှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီ ၂၉ ရက် ညနေပိုင်းက ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းညီနောင် စစ်ဆင် ရေး အဖွဲ့မှ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက မြို့ကို စွန့်ခွာထွက်ပြေးသွား ကာ မြို့ပြင်၌ ရှိနေသဖြင့် အလုံးစုံအမြစ်ပြတ်ချေမှုန်နိုင်ခြင်းမရှိသေးကြောင်း၊ ချင်းညီနောင်စစ်ဆင်ရေး တပ်ဖွဲ့ဝင်များမှာ ကျင်ဒွေးမြို့တွင်း၌ နေရာယူထားကြောင်း သိရသည်။

“မနေ့က ညနေပိုင်းလောက်ကတည်းက သိမ်းပိုက်မိတာ။ အသေးစိတ်တေ့ Meeting ကနေ အတိ အကျ သတင်းပေးတာမျိုးတော့ မရှိသေးဘူး။ လောလောဆယ်အနေအထားမှာ စကစ က မြို့ကို စွန့်ပြီးတော့ ခေတ္တရောင်ထွက်သွားတဲ့သဘောမျိုးမှာရှိနေတယ်။ လောလောဆယ်အခြေအနေက တော့ မငြိမ်သေးဘူး။ မြို့ကို ကျနော်တို့ကို ပေးလိုက်တဲ့သဘောမျိုးပေါ့။ လောလောဆယ်သူတို့က မြို့ပြင်မှာရှိနေသေးတယ်။ ကျနော်တို့ဘက်က အမြစ်ပြတ်ချေမှုန်းတဲ့ အနေအထားမျိုးမဟုတ် သေး ဘူး။ ပထမ ကျနော်တို့က မြို့ပြင်မှာ၊ သူတို့က မြို့ထဲမှာပေါ့။အခုတော့ သူတို့က မြို့ပြင်မှာ ကျနော်တို့ က မြို့ထဲမှာ အဲလိုသဘောမျိုးဖြစ်သွားတာ။” ချင်းညီနောင်စစ်ဆင်ရေး အဖွဲ့မှ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ချင်းညီနောင် စစ်ဆင်ရေး အဖွဲ့သည် ကျင်ဒွေးမြို့တစ်ခုတည်း သိမ်းပိုက်ရန် အစီအစဉ် ဆွဲထား ခြင်းမဟုတ်ဘဲ ချင်းပြည်နယ်တစ်ခုလုံးရှိ အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ချေမှုန်းရန် အစီအစဉ် ရေး ဆွဲထားကြောင်း အသိပေးသည်။

“နှစ်ဖက်ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်လို့ မသိရသေးဘူး၊ လောလောဆယ်တိုက်ပွဲကလည်း မပြီးသေ တဲ့အနေအထားဖြစ်နေတာရယ်၊ ပြီးတော့ ချင်းညီနောင်စစ်ဆင်ရေးဆိုတာက ဒီကျင်ဒွေးမြို့တစ်ခု တည်းမဟုတ်ပဲနဲ့ ချင်းပြည်နယ်တစ်လုံးက စကစတွေကို တိုက်ထုတ်ဖို့အတွက် အစီအစဉ်ဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့အတွက် ဒီဟာနဲ မပြီးပြတ်သေးဘူးပေါ့။ ကျင်ဒွေးပြီးရင်လည်း‌ နောက်ထပ် ဆက်လာစရာတွေလည်း ရှိသေးတာပေါ့၊ ကျနော်တို့က ချင်းညီနောင် စစ်ဆင်ရေးဆိုပြီးတော့ နာမည်‌ ပေးထားတာကိုးဗျ” ဟု ချင်းညီနောင်စစ်ဆင်ရေး အဖွဲ့မှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပုံမှန်လာရောက် တိုက်ခိုက်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများ နေထိုင်ရာ ကျေးရွာများကိုလည်း လေကြောင်းမှ တိုက်ခိုက်လျက် ရှိ ကြောင်း၊ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားမရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် များ မည်သို့ ဆက်လက်လုပ်ဆောင်လာမည်ကို စောင့်ကြည့် အနေအထားဖြစ်ကြောင်း သိရသည်။

“ချင်းညီနောင်Operation ကို ပြည်သူတွေ တတ်နိုင်တဲ့ဘက်က ကူညီကြပါအုံး၊ အလှူအနေနဲ့ပဲ ဖြစ် ဖြစ် ၊ ငွေရေးကြေးရေးနဲ့ပဲ ဖြစ်ဖြစ် ကျနော်တို့ ချင်းပြည်နယ်လွတ်မြောက်ဖို့ရန်အတွက် အစကတည်း က ကြိုတင်စီမံထားပြီးတော့မှ ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် တချို့တချို့သော ကိစ္စတွေက အွန် လိုင်းမီဒီယာမှာ Share ဖို့အဆင်မပြေလို့ မ Share ဖြစ်တာတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အောင်မြင်မှုရတဲ့အခါမှာ ကျရင်တော့ ပြည်သူတွေသိအောင် ချပြပေးမှာဖြစ်ပါတယ်။ ပြည်သူ တွေဆီ ကနေ ထောက်ပို့အားဖြင့် တတ်နိုင်တဲ့ဘက်က ဝန်းရံပေးကြပါအုံးလို့ ပြောချင်ပါတယ်။” ဟု ချင်းညီ နောင် စစ်ဆင်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက မေတ္တာရပ်ခံပြောကြားသည်။

အဆိုပါ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားအဖွဲ့ချုပ် – CNO/CNDF ၊ ဇိုမီးဖက်ဒရယ် အစည်း အရုံး ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ ၊ ချင်းကာကွယ် ရေးတပ်ဖွဲ့ (ကန်ပက်လက်) -CDF Kanpetlet နှင့် CDF – Matupi တပ်မဟာ ၁ တို့ ပူးပေါင်းကာ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ချင်းညီနောင် စစ်ဆင်ရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article