ဆိပ်ဖြူမြို့ရှိ စစ်တပ်၏ ကပစ ၂၂ စက်ရုံကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၃၀
မကွေးတိုင်း၊ ဆိပ်ဖြူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ စက်ရုံကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း OAK AWE UG စလေမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ စက်ရုံကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ၊ ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကပစ ၂၂ စက်ရုံရှိ အရာရှိ လိုင်းခန်း ၈ ခန်းတွဲကို ထိမှန်ခဲ့ကြောင်း သိရသည်။
“ဆိပ်ဖြူမြို့မှာရှိတဲ့ ကပစ ၂၂ စက်ရုံကို ၂၈ ရက်နေ့က ၆၀ မမ နဲ့ ၈၁ မမ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲတိုက်ခိုက်မှု အတွင်း အရာရှိ လိုင်းခန်း ၈ ခန်းတွဲကို ၆၀ မမ ၁ လုံးနဲ့ ၈၁ မမ ၁ လုံး ထိမှန်ခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး” ဟု OAK AWE UG စလေမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါက်ရင်း12 YRF နှင့် OAK AWE UG စလေမြို့ပြပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
