26 C
Yangon

ကင်းမရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးမှု ပြည်သူပိုင် နေအိမ် ၁၉ လုံး မီးလောင် ပြာကျ၊ ပြည်သူ ၄ဦး ဖမ်းဆီးခံရပြီး ၂ဦးကို ခေါ်ဆောင်သွား

Must read

ရန်ကုန်၊ ဧပြီ ၁၉

ပေါက်မြို့နယ် ကင်းမရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၈ရက်နေ့တွင် လက်နက်ကြီးမျာဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၉လုံးမီးလောင်ပြာကျခဲ့ကြောင်း ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ကျောက်အိုးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည် ဆုတ်ခွာလာစဉ် ကင်းမရွာကို ထပ်မံဝင်ရောက်လာပြီး ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီနင်း မီးရှို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျော က်အိုးရွာက ပြန်ဆုတ်လာတဲ့ စစ်ခွေးတွေက ၁၈ရက်နေ့ မွန်းလွဲ ၁၂နာရီ ကျော်လောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ ထပ်ဝင်လာတယ်။ ပြည်သူပိုင် နေအိမ် ၁၉လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ အကုန်ပြာပဲကျန်တယ်။ ပြည်သူ ၄ဦး ဖမ်းဆီးခံရပြီး ၂ဦးကိုတော့ ဖမ်းခေါ်သွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ်သည် ပေါက်မြို့နယ် ကင်းမရွာကို တတိယအကြိမ် ဝင်ရောက်စီးနင်း မီးရှို့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၄ဝဝ ကျော်သည် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

Photo – ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article