30 C
Yangon

ထန်းတပင်မြို့နယ်၊ ရွာလေးကုန်းကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံး

Must read

ထန်းတပင်မြို့နယ်၊ ရွာလေးကုန်းကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊မေ ၁၄

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ ရွာလေးကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၁၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ထန်းတပင်မြို့နယ်ရှိ ရွာလေးကုန်း ကျေးရွာကို ဇရပ်ကြီး အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၇၃ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်သေဆုံးသူ ၄ ဦးမှာ အသက် ၈၄ အရွယ် ဦးကျော်စိန်၊ အသက် ၅၂ အရွယ် မဌေးရီ၊ အသက်အရွယ် ၄၉ နှစ် အရွယ် ကိုဌေးနိုင်နှင့် အသက် ၁၈ နှစ်အရွယ် မအိဖူးသော်တို့သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article