ရန်ကုန်၊ ဧပြီ ၂၄
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဇုန်နေရာအချို့ကို ၂၀၂၂ ခုနှစ် ဧပြီလ တတိယတပတ်အတွင်း နယ်မြေရှင်းလင်းစဉ် အကြိမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခဲယမ်းအချို့အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၄ ရက်နေ့တွင် ဒီးမော့ဆိုမြို့အနောက်ဘက်ရှိ နောင်ပုလဲကျေးရွာနှင့် အိုးခူးရီးကျေးရွာများကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပြန်လည်စိုးမိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
ကရင်နီတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် ကျေးရွာများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ထောင်သွားခဲ့သော မြေမြှုပ်မိုင်း ၁၁ လုံးကို ရှင်းလင်းခဲ့ရကြောင်း KNDF တပ်ရင်း ၁ က သတင်းထုတ်ပြန်သည်။
နင်းမိုင်းများအားလုံးကို မရှင်းလင်းနိုင်သေးသောကြောင့် ပြည်သူများအနေဖြင့် အဆိုပါ ကျေးရွာများအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်း မပြုလုပ်ကြရန် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။