27 C
Yangon

ချောင်းဦးနှင့် ပေါက် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ချောင်းဦးနှင့် ပေါက် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ငါယှန်ရွာ စစ်တပ် ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Sagaing District Drone Force-SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့် မှ ၈ နာရီ ၄၅ မိနစ်ခန့် အထိ အကြမ်းဖက် စစ်သားနှင့် ရဲများ တပ်စွဲထားသော ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၆ နာရီခန့်မှ ၆ နာရီ မိနစ် ၃၀ ခန့်ထိ ငါယှန်ကျေးရွာ၌ ဂိတ်စခန်းဖွင့် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“သူတို့ဘက်က လက်နက်ကြီးတွေ ၇ ချက် ၈ ချက်လောက်တော့ ပြန်ထုတယ်၊ ပြီးတော့ လက်နက် ငယ်တွေနဲ့လည်း ပြန်ပစ်တာမျိုးရှိတယ်၊ ရဲဘော်တွေအားလုံး ဘေးကင်းကြပါတယ်” ဟု Sagaing District Drone Force-SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများများကို Sagaing District Drone Force-SDDFနှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့များ ဖြစ်ကြသော စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း ၊ Chaung U People Defence Force- CHU PDF ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ၊ URBAN HUNTER FORCE(UHF) နှင့် Meikhtila Special defence Force တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုယ်စု ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့မျးက ဇွန်လ ၁၀ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article