27 C
Yangon

မြင်းခြံနှင့် ရေစကြို မြို့ရှိ ခမရ ၁၅ နှင့် ခလရ ၂၅၆ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၃

မန္တ‌လေးတိုင်း၊ မြင်းခြံမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၅ တပ်ရင်းနှင့် မကွေးတိုင်း၊ ရေစကြိုမြို့ရှိ ခလရ ၂၅၆ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၁၀ ရက်နေ့တွင် မြင်းခြံမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၅ တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း (27 Revolution Forces) ၊ မြင်းခြံခရိုင် အမှတ် ၃တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ မလှိုင် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရေစကြိုမြို့ရှိ ပြည်သူများနေထိုင်သော ကျေးရွာအတွင်းကို ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်လေ့ရှိသည့် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၆ တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး သေပြီး ၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း27 Revolution ForcesUrban Underground Revolution Force YSOပခုက္ကူခရိုင်လိုကယ်တပ်ပေါင်းစု နယ်စည်းမခြားဖရီးဒန်းဖက်ထရယ်စစ်ကြောင်း ၁ဆင်ရိုင်းရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article