30 C
Yangon

ထားဝယ်မြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

ထားဝယ်မြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ်) က ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့တွင် ထားဝယ်မြို့နယ် လိပ်ကြယ်ပြောင်ကျေးရွာ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများလည်းရှိကြောင်း သိရသည်။

အလားတူ ဇွန်လ ၂ ရက်နေ့တွင်လည်း ထားဝယ်မြို့နယ်၊ သရက်ငုတ်ကျေးရွာအတွင်း၌ အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ထပ်မံ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ်) ၊ KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article