25 C
Yangon

နတ်မောက်နှင့် မြို့သစ်မြို့နယ်တို့တွင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့နေသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

နတ်မောက်နှင့် မြို့သစ်မြို့နယ်တို့တွင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့နေသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၁၄

မကွေးတိုင်း၊ နတ်မောက်မြို့နယ်နှင့် မြို့သစ်မြို့နယ်တို့တွင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု (OPRF – PLA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်တွင် နတ်မောက်မြို့နယ် ကျွန်းဘုတ်ကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ချောင်းရိုးနား အရောက် ကိုက် ၁၅၀ ခန့်အကွာတွင် OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု ရဲဘော်များက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရဿည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့သစ်မြို့နယ်မှ စစ်သား၊ ရဲများနှင့် နတ်မောက်မြို့နယ်မှ စစ်သား၊ ရဲသားများ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

မြို့သစ်မြို့နယ်မှ လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့သစ်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးတွင် ဒေသနေ ပြည်သူ အမျိုးသား ၂ ဦးအား ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ နတ်မောက်မြို့နယ်မှ စစ်ကြောင်းသည် စစ်ကြောင်းထိုးလာရာ လမ်းတလျှောက်ရှိ ပြည်သူပိုင် နေအိမ်တချို့ကို မီးရှို့ခဲ့ကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု (OPRF – PLA) မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှု ရှိပေမယ့် အတိအကျတော့ အတည်ပြုလို့ မရသေးဘူး။ ကျွန်တော်တို့ စစ်ခွေးသေဆုံးမှု အရေအတွက်ကို ဆက်လက် စုံစမ်းနေပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေအားလုံး အထိအခိုက် မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု (OPRF – PLA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article