မိုးမိတ်နှင့် နောင်ချို မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ဇွန် ၁၇
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နှင့် နောင်ချိုမြို့နယ်တို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်ခန့်အချိန် နောင်ချိုမြို့နယ် ဘန့်ဘွေကျေးရွာရှိ အကြမ်းဖက် စစ်တပ်က ဆမ္မဆယ်ရွာကို ဒရုန်းဖြင့် ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့တွင် ညနေ ၄ နာရီခန့်တွင် အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်က သုံးဆယ်ကျေးရွာ ၈ ရပ်ကွက်ကို လက်နက်ကြီးဖြင့် ၂ ကြိမ် ထပ်မံ ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် ဇွန်လ ၁၅ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်မှည ၁၂ နာရီအချိန် အထိ မိုးမိတ်မြို့တွင် အကြမ်းဖက် စစ်တပ်က ဒိုပင်ကျေးရွာကို လက်နက်ကြီးဖြင့် ၆ ကြိမ်၊ နောင်ချိုမြို့နယ် အုမ္မတီးနှင့် အုမ္မခါးလမ်းခွဲမှနေ၍ ဆမ္မဆယ်ရွာကို လက် နက်ကြီးဖြင့် ၈ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက် ရှိရှိ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် စိုးရိမ်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေထိုင်ခဲ့ကြရကြောင်း သိရှိရသည်။
ဇွန်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် အကြမ်း ဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံး ၄ လုံးနှင့် လက်နက်ကြီးဖြင့် ၄၂ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း PSLF/TNLAသတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက တရုတ်နိုင်ငံ၏ စေ့စပ်မှုဖြင့်ဟိုင်ဂင်အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများ၊ မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့၏တပ်စခန်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းဖြင့် ဗုံး

