30 C
Yangon

စဉ့်ကူးတွင် နယ်မြေရှင်းလင်းရန် ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ဦး အပါအဝင် သေဆုံးသူများပြား၊ စစ်တပ်က တရော်ပင်ရွာကို စီးနင်းမီးရှို့မှု နေအိမ် ၃၅ လုံးပြာကျ

Must read

စဉ့်ကူးတွင် နယ်မြေရှင်းလင်းရန် ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ဦး အပါအဝင် သေဆုံးသူများပြား၊ စစ်တပ်က တရော်ပင်ရွာကို စီးနင်းမီးရှို့မှု နေအိမ် ၃၅ လုံးပြာကျ

ရန်ကုန်၊ ဇွန် ၁၇

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် နယ်မြေရှင်းလင်းရန် ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် သေဆုံးသူများပြားခဲ့သောကြောင့် စစ်တပ်က တရော်ပင်ရွာကို စီးနင်းမီးရှို့ခဲ့ပြီး နေအိမ် ၃၅ လုံးပြာကျခဲ့ကြောင်း ကင်းထောက်မြေပြင် သတင်းမှန်ပြန်ကြားရေး (စဉ့်ကူး) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့တွင် တရော်ပင်ရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နယ်မြေရှင်းလင်းရေး၍ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ ဖက် ထိတွေ့ တိုက်ပွဲဖြစ်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူ များပြားခဲ့ကြောင်း သိရသည်။

ထို့သို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ တရော်ပင်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၃၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းကို အရင် မိုင်းဆွဲတာ ပြီးတော့ တိုက်ပွဲဖြစ်တာပဲ စစ်ခွေးတွေဘက်က စစ်ဗိုလ် ၁ ဦးအပါအဝင် အသေများတယ်။ တိုက်ပွဲဖြစ်နေတုန်း ရွှေပြည်ရွာ ဆေးပေးခန်းက စစ်ခွေးတပ်နဲ့ ပင်လည်ကြီး ဘက်က စစ်ခွေးတပ်တွေက ရွာတော်လေးကနေ လက်နက်ကြီးနဲ့ ပစ်ကူတယ်။ တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေးတပ်က နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု ကင်းထောက်မြေပြင် သတင်းမှန်ပြန်ကြားရေး (စဉ့်ကူး) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article