ရန်ကုန်၊ ဧပြီ ၂၆
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၈ တပ်ရင်းနှင့် မြို့မရဲစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၂၆ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကြောင်း ဖရူဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ရင်းနှင့် ရဲစခန်းကို PDF ဖရူဆိုနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ခွဲ ၂ တို့က ပူးပေါင်းဝင်တိုက်ခဲ့ပြီး ၄၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း သတင်းရရှိသည်။
ဓါတ်ပုံ – ဖရူဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ