30 C
Yangon

ဘုတလင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့

Must read

ဘုတလင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အင်းတဲ့ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကြောင်း ဒေသတော်လှန်ရေးတပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန် ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာအနီး သပြေပင်ရွာဝက်ခြံအတွင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးတပ်များအကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းက ဘုတလင်မြို့ပေါ်မှ စတင်စစ်ကြောင်းထိုးရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၊ တော်လှန်ရေးတပ်များက ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်ကလည်း RPG ၊ စက်သေနတ်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“အထိနာသွားတဲ့ စစ်တပ်က အင်းတဲကျေးရွာမှ ပြည်သူ ၅ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။ ၅ ဦးစလုံးကို ပြန်လွှတ်ပေးခဲ့တယ်။ သပြေပင်ရွာအရောက်မှာ လွှတ်ပေးတယ်။ အဲဒီမှာ စစ်သားတွေဘက် ၅ ဦး သေဆုံးတယ်” ဟု ဒေသတော်လှန်ရေးတပ်က ရှင်းပြသည်။

ထို့ပြင် ဘုတလင်မြို့ ကျောင်းဝင်းအတွင်းသို့ စစ်ကြောင်းက ပြန်လည် ဝင်ရောက်စဉ် တော်လှန်ရေး တပ်များက ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ စစ်သား ၄ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါစစ်ဆင်ရေး တိုက်ခိုက်မှုကို ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၂ လက်နက်ကြီးအဖွဲ့ ၊ မဟာလက်နက်ကြီးအဖွဲ့၊ ရမ်းဘီလူးလက်နက်ကြီးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article