30 C
Yangon

ကော့ကရိတ်၊ စုကလိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဗိုလ်မှူး ကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ၊ လက်နက် ၃၇ လက်နှင့် ခဲယမ်းများရရှိ

Must read

ကော့ကရိတ်၊ စုကလိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဗိုလ်မှူး ကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ၊ လက်နက် ၃၇ လက်နှင့် ခဲယမ်းများရရှိ

ရန်ကုန်၊ ဇွန် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို KNLA ဦး ဆောင် သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကာ ဗိုလ်မှူး ကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရကြောင်း KNU တပ်မဟာ ၆ ၊ ဒူပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ စုကလိ စစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး အ များ အပြား ဒဏ်ရာရကြောင်း၊ စစ်သား ၂၁ ဦး ဖမ်းဆီးရရှိပြီး ဖမ်းမိသူများတွင် ဗိုလ်မှူးကြီး ၀ဏ္ဏတိုး ပါဝင်ကြောင်း၊ စစ်ကောင်စီတပ်သား ၁၄ ဦး လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စုကလိမြို့ အ‌ခြေစိုက် စစ်တပ်စခန်းသည် စခက ၁၃ လက်အောက်ခံ၊ ခမရ ၅၆၀ တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော အထိုင်ချစခန်းဖြစ်ကြောင်း၊ စစ်ကောင် စီတပ်ဖွဲ့ဝင်များကို လက်နက်ချကာ အမှန်တရားဘက် ရပ်တည်ရန် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ မှ မတ်လ ၃၀ ရက်အထိ စာဖြင့်အသိပေး အကြောင်းကြားထားခဲ့ကြောင်း၊ သို့ရာတွင် လိုက် နာခြင်းမရှိသည့်အတွက် မတ်လ ၃၀ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ အထိ စနိုက်ပါ ဖြင့် သော် လည်း ကောင်း ၊ ဒရုန်း ၊ လက်နက်ကြီးဖြင့် သော်လည်းကောင်း ပစ်ခတ်ခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သော စုကလိ တပ်စခန်းသိမ်းတိုက်ပွဲမှ လက်နက် ၃၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါ သိမ်းဆည်းရရှိပစ္စည်းများမှာ

၁- ၆၀ မမ (ပြောင်းရှည်) – ၁ လက်

၂-၆၀ မမ (ပြောင်းတို) – ၁ လက်

၃- RPG – 7 – ၁ လက် (ပျက်စီး)

၄- MA-1 – ၁၂ လက် (၄ လက် ပျက်စီး)

၅- MA-2 – ၁၅ လက် (၄ လက် ပျက်စီး)

၆- MA-3 – ၄ လက် (၁ လက် ပျက်စီး)

၇- MA-79 – ၂ လက်

၈- ငါးကြင်းမှီး စက်လက် – ၁ လက် (ပျက်စီး)

၉- ၈၁ မမ ကျည် – ၃၇ လုံး

၁၀- ၆၀ မမ ကျည် – ၃၉ လုံး

၁၁- ရှေ့ထွက်မိုင်း (အကြီး) – ၃ လုံး

၁၂- ရှေ့ထွက်မိုင်း (အသေး) – ၂၇ လုံး

၁၃- နင်းမိုင်း – ၁၁ လုံး

၁၄- ခွင်းဗုံး – ၁၀ လုံး

၁၅- တိုက်မိုင်း – ၁၄ လုံး

၁၆- လက်လုပ် သံပိုက်မိုင်း – ၈ လုံး

၁၇- ဆက်သွယ်ရေး စက်ကြီး – ၂ လုံး

၁၈- MA-1,2,3,4 ကျည်ဘောက် – ၇၀ ဘောက်

၁၉- MA-1,2,3,4 ကျည် – ၆၅၀၁ တောင့်

၂၀- ငါးကြင်းမှီး စက်လက် ကျည် – ၇၉၂၃ တောင့်

၂၁- RPG-7 ကျည် – ၇၇ လုံး

၂၂- ပို့ယမ်း – ၅၄ တောင့်

၂၃- မိုင်းရှင်းစက် – ၁ ခု

၂၄- ဒရုန်း အသေး – ၁ စီး

၂၅- Jumper – ၁ ခု

၂၆- ဆက်သွယ်ရေး စက်အသေး – ၂ လုံး

၂၇- ဆက်သွယ်ရး (အထိုင်) စက်တိုင် – ၂ ခု

၂၈- ER ဘောက် – ၁၃၀ ခု

၂၉- ကျည်ကာ ဦးထုပ် – ၈ လုံး စသည့် လက်နက်ခဲယမ်း နှင့် အခြားပစ္စည်းများ ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူဖြစ်စေသော မည်သည့် ဒေါက်တိုင် မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်သားများအနေဖြင့် စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် က်ပူးပေါင်းပေးပါရန် K.N.U – ကရင်အမျိုးသားအစည်းအရုံး က ဖိတ်ခေါ်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article