29.2 C
Yangon

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ စစ်တပ် အထိုင်စခန်းကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ စစ်တပ် အထိုင်စခန်းကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ ကျဲချ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၁ ရက်နေ့မှစ၍ ဇွန်လ ၂၄ ရက်နေ့ထိ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် အထိုင်စခန်းရှိ အရှေ့ကင်း၊ မြောက်ကင်းနှင့် အရာရှိများ နေထိုင်သည့် နေရာများကိုပါ တိုက်ခိုက်ခဲ့ပြီး စစ်သားများရှိသည့် ဘန်ကာပေါ်ကိုလည်း ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်သေဆုံးနိုင်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ ၄ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ပြန်ပစ်ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ ခရိုင် တပ်ရင်း ၆ ၊ တပ်ရင်း ၇ တပ်ပေါင်းစုနှင့် ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article