28 C
Yangon

စစ်ကောင်စီက သိန်း ၂၀၀ အထက် ငွေသားထုတ်ယူခွင့် ကန့်သတ်လိုက်ပြီး ပြည်သူများကို ဒီဂျစ်တယ်ငွေကြေးစနစ် အတင်းအကျပ် အသုံးပြုခိုင်းနေ

Must read

ရန်ကုန်၊ ဇွန် ၂၆

အကြမ်းဖက်စစ်ကောင်စီက ပုဂ္ဂလိကဗဟိုဘဏ်များမှ ငွေကျပ် သိန်း ၂၀၀ အထက် ငွေသားထုတ်ယူခွင့်ကို ကန့်သတ်လိုက်ပြီး ပြည်သူများကို ဒီဂျစ်တယ် ငွေကြေးစနစ် အတင်းအကျပ် အသုံးပြုခိုင်းနေကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

“ဘဏ်မှာ သိန်း ၂၀၀ အထက် ငွေလာထုတ်တယ်ဆိုရင် သိန်း ၂၀၀ အထိတော့ ငွေသား ထုတ်ပေးတယ်။ သိန်း ၂၀၀ ကျော်တဲ့ ကျန်ငွေကြေးကို ငွေလွှဲမယ်ဆိုရင် လွှဲမယ့်ဘဏ်အကောင့်ထဲ ထည့်ပေးတယ်။ သို့မဟုတ်ရင် ဒီဂျစ်တယ်ငွေကြေးအဖြစ် Pay Account သို့မဟုတ် မိုဘိုင်းလ် Banking ထဲကို ထည့်ပြီး သုံးဖို့ ညွှန်ကြားတယ်။ တချို့ဘဏ်တွေတော့ စလုပ်နေကြပြီ။ နောက်အားလုံး မဖြစ်မနေ လုပ်ရမယ့် အခြေအနေ ဖြစ်သွားပြီ” ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ လက်ထောက် မန်နေဂျာတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ ငွေသားအသုံးပြုမှု လျှော့ချပြီး ဒီဂျစ်တယ်ငွေကြေး စနစ်နှင့် ငွေပေးချေမှုများကို မဖြစ်မနေ ပြောင်းလဲသွားရန် ညွှန်ကြားလာပြီး ပြည်သူများကိုလည်း ယင်းဒီဂျစ်တယ်ငွေကြေးစနစ်နှင့် ငွေပေးချေမှုများ ဆွဲဆောင် အသုံးပြုရန် ညွှန်ကြားလာကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်နေ့ မှစတင်ပြီး ပုဂ္ဂလိက ဘဏ်များနှင့် မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ဝန်ကြီးဌာနနှင့် အများပြည်သူများ ဒီဂျစ်တယ် ငွေပေးချေမှုများကို အသုံးပြုနိုင်ရေးအတွက် ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်သော ပေးချေမှုများအတွက် CBM-System ACH စနစ် အသုံးပြုရန်၊ QR အသုံးပြုငွေပေးချေမှုများ၊ လက်ရှိ အကောင်အထည်ဖော်နေသည့် Digital Payment Switch နှင့်ချိတ်ဆက်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်များတွင် လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို လုပ်ငန်းဆောင်ရွက်မှုကို တစ်ကြိမ်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း ၅၀ သတ်မှတ်ထားခြင်း၊ လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများအပါအဝင် အုပ်စုအတွက် လုပ် ငန်းဆောင်ရွက်မှု ပမာဏကို တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀ သတ်မှတ်ထားသည်။

ထို့ပြင် မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံး လက်ကျန်ပမာဏကို ကျပ်သိန်း ၁၀၀ အထိသာထားရန်နှင့် ကျပ်သိန်း ၁၀၀ ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ် ဆက်၍ နေ့စဉ် ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်၊ ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းနှင့် အစိုးရငွေပေး ချေမှုများအတွက် Mobile Banking အသုံးပြုဆောင်ရွက်ခြင်းကို CBM-NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် တို့ကို ညွှန်ကြားသည်။

ကျပ်သိန်း ၁၀၀ နှင့်အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန်ရမည်ဖြစ်ပြီး ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများက CBM-NET ACH Functionကို ၂၄ နာရီအမြဲတမ်း အသုံးပြုနိုင်ရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာ ရွှေ့ပြောင်းထားရန် ညွှန်ကြားသည်။

စားသုံးသူ Wallet ကို အသုံးပြု၍ ကုန်သည်ကဲ့သို့ ရောင်းဝယ်မှုများ ဆောင်ရွက်ခြင်း ( လူပုဂ္ဂိုလ်ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုနိုင်စေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပေးချေမှုများတွင် အကြောင်းအရာ ဖော်ပြရန်နှင့် လုပ်ငန်းဆောင်ရွက် အကြိမ်အရေအတွက်ကို ကန့်သတ်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article