27 C
Yangon

အင်းတော်၊ နံ့သာရွာ စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု ခလရ-၆ တပ်ရင်းမှ ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၀ လက် သိမ်းဆည်းရရှိ

Must read

အင်းတော်၊ နံ့သာရွာ စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု ခလရ-၆ တပ်ရင်းမှ ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၀ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာရွာစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု ခလရ-၆ တပ်ရင်းမှ ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၀ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်တော် အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီမှ စတင်က အင်းတော်မြို့နယ်၊ နံ့သာရွာစခန်းတွင် အခြေချနေသော ဗိုလ်ကြီး ပြုံးမောင်မောင် ဦးစီး တပ်မ-၇၇ လက်အောက်ခံ ခလရ-၆ မှ အင်အား ၁၄ ဦးခန့်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကသာခရိုင် တပ်ရင်း-၂၊ EAOs (KIA) နှင့် အင်းတော်မြိုနယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် ၁၄ ဦး သေဆုံးပြီး အလောင်းများ ရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ လက်နက်မျိုးစုံ (၂၀) လက်၊ ဒရုန်းဖြတ်လက်နက် (၁) လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅) လုံး၊ ကျည်အိမ်မျိုးစုံ (၄၁) ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် (၁) လုံး၊ Power Station (၁) လုံး၊ ဦးထုပ် (၁၁) ခု၊ ဆန်အိတ် (၄၁) အိတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ် ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article