28 C
Yangon

Breaking News- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နှင့် ၁၂ မိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားပြီး ဆင်တောင်မှ စစ်ကောင်စီတပ်က အမြောက် ပစ်ခတ် စစ်ကူပေးနေ

Must read

Breaking News- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နှင့် ၁၂ မိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားပြီး ဆင်တောင်မှ စစ်ကောင်စီတပ်က အမြောက် ပစ်ခတ် စစ်ကူပေးနေ

ရန်ကုန်၊ ဇွန် ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နှင့် ၁၂ မိုင်အကွာတွင်ယနေ့ တိုက်ပွဲစတင်ဖြစ်ပွားပြီး ဆင်တောင်မှ စစ်ကောင် စီ တပ်က အမြောက်ဖြင့် လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇွန်လ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်အချိန် လားရှိုးမြို့မှ သိန္နီအထွက် ၁၂ မိုင်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ပွဲကို လားရှိုးမြို့နယ်၊ ဆင်တော်တွင် အခြေစိုက်ထားသော အမြောက်တပ်ကလက်နက်ကြီးများ ပစ်ကူပေးနေကြောင်း သိရှိရသည်။

“လားရှိုးမြို့ ၁၂ မိုင်အကွာ တိုက်ပွဲဖြစ်နေတဲ့နေရာကို မြို့အနောက်ဘက် ဆင်တောင် အမြောက်တပ်က လက်နက်ကြီးနဲ့ လှမ်းထုနေတယ်။ လက်နက်ကြီးတွေ ပစ်နေတာ ၁၀ ချက်ကျော်နေပြီ။ လားရှိုးမြို့ပတ်ပတ်လည်မှာလည်းပဲ မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ၀ိုင်းထားတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လားရှိုးမြို့ကို ဇွန်လ ၃၀ ရက်နေ့တွင် ၆၃၀ စစ်ဆင်ရေးဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်မည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန် ယနေ့ မွန်းတည့်ပိုင်း တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article