29 C
Yangon

အရာတော်မြို့နယ်တွင် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြ

Must read

အရာတော်မြို့နယ်တွင် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၉

အရာတော်မြို့နယ်တွင် သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင် သံဃာ့သပိတ်ကို အရာတော်မြို့နယ်ရှိ သံယာတော်များက စတင်လိုက်ပြီး အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနှင့် အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပူးပေါင်းဝန်းရံပေးခဲ့ကြောင်း သိရှိရသည်။

ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ကို ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့မှ သံဃာတော်များ ပူးပေါင်းခဲ့ကာ ဇွန်လ ၂၇ ရက်နေ့တွင် မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် နှင့် ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် အရာတော်မြို့နယ်မှ သံဃာတော်များပါ ပူးပေါင်း ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article