31 C
Yangon

Breaking News- မြစ်ကြီးနားမြို့ထဲသို့ ယခုညပိုင်း မြစ်ရေများ ဝင်ရောက်လာသဖြင့် ညတွင်းချင်း ပြည်သူများ ပြောင်းရွှေ့ ထွက်ပြေးရ ၊ အနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ်နေ

Must read

Breaking News- မြစ်ကြီးနားမြို့ထဲသို့ ယခုညပိုင်း မြစ်ရေများ ဝင်ရောက်လာသဖြင့် ညတွင်းချင်း ပြည်သူများ ပြောင်းရွှေ့ ထွက်ပြေးရ ၊ အနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ်နေ

■ ရေတက်လာသဖြင့် ပိတ်မိနေသူတချို့ရှိနေပြီး ပြောင်းရွှေ့ရန် အကူအညီများ လိုအပ်နေ

ရန်ကုန်၊ ဇူလိုင် ၁

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ထဲသို့ ယခုညပိုင်း မြစ်ရေများ ဝင်ရောက်လာသဖြင့် ပြည်သူများ ညတွင်းချင်း ပြောင်းရွှေ့ ထွက်ပြေးတိမ်းရှောင်နေရပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ်နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရေတက်တာ အရမ်းမြန်တယ်။ လယ်ကုန်း၊ စီတာပူ၊ မြို့သစ်ကြီး၊ ရမ်ပူ၊ ကြက် ပေါင်ခြံ အပါအဝင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တော်တော်များမှာ ရေတွေ တက်လာတယ်။ ရေ တစ်ည လုံးဆက်တက်မယ်ထင်တယ်။ အထက်ပိုင်းလည်း မိုးတောက်လျောက်ရွာနေတော့။ အခုတော့ အကုန် ညဘက်ကြီး ပြေးနေရပြီ။ တချို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေ မြုပ်သွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် ယနေ့ ညပိုင်း စိုးရိမ်ရေမှတ်ကျော်လွန်ကာ ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ မြစ်ကြီးနားကမ်းနားလမ်း တစ်လျှောက် ရေများဝင်လာနေကြောင်း မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းနား ရပ်ကွက်များဖြစ်သည့် စီတာပူရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ဇီးလွန်ရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ မနောဦးပိန်တံတားနှင့် ကြက်ပေါင်ခြံရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်တို့တွင် မြစ်ရေဝင်ရောက်နေပြီး ပြည်သူများ ညတွင်းချင်း ပြောင်းရွှေ့နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article