28 C
Yangon

Breaking News- မြစ်ကြီးနားမြို့နယ်တွင် မြစ်ရေများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်သူထောင်ချီ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးများ မလုံမလောက်ဖြစ်နေ

Must read

Breaking News- မြစ်ကြီးနားမြို့နယ်တွင် မြစ်ရေများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်သူထောင်ချီ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးများ မလုံမလောက်ဖြစ်နေ

ရန်ကုန်၊ ဇူလိုင် ၁

ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားတွင် ဧရာ၀တီမြစ်ရေများ မြင့်တက်လာပြီး ရပ်ကွက်အများစု ရေမြုပ်နေကာ ကူညီကယ်ဆယ်ရေးများ မလုံလောက်သဖြင့် ပြည်သူထောင်ချီ ပိတ်မိနေကြောင်း ဒေသ ပရဟိတသမားတချို့ထံမှ သိရှိရသည်။

မြစ်ကြီးနားမြို့နယ်၊ ရမ်ပူ၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ၊ ခေမာသီရိ၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း ၊ ပေါ်ဦး အပါအဝင် ရပ်ကွက်အများစုတွင် ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လာနေပြီး ပြည်သူထောင်ချီ ပိတ်မိနေကြောင်း သိရှိရသည်။

“ရေက တအိအိနဲ့ကို တက်လာတဲ့အပြင် မိုးကလည်း ရွာနေတယ်။ ကူညီဖို့ အကူအညီတောင်းသူတွေ များပေမယ့် လှေလည်း အလုံအလောက်မရှိဘူး။ ကူညီကယ်ဆယ်ရေးက အင်တိုက်အားတိုက် မလုပ်နိုင်ဘူးဖြစ်နေတယ်။ အခြေအနေ အတော်ဆိုးပါတယ်” ဟု ဒေသပရဟိတသမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့နယ်အတွင်းသို့ မြစ်ရေ မြင့်တက်လာမှုသည် ၄ ပေ ကျော် ၅ ပေနီးပါးရှိလာကြောင်း၊ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၄ ပေကျော် မြင့်တက်လာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article