26 C
Yangon

ပေါက်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်မှု စတင်လိုက်ပြီး ပြည်သူများနှင့် ချီတက် ဆန္ဒပြ၊ သပိတ်မှောက်သည့် မြို့နယ် ၁၄ ခုအထိ ရှိလာ

Must read

ပေါက်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်မှု စတင်လိုက်ပြီး ပြည်သူများနှင့် ချီတက် ဆန္ဒပြ၊ သပိတ်မှောက်သည့် မြို့နယ် ၁၄ ခုအထိ ရှိလာ

ရန်ကုန်၊ ဇူလိုင် ၁

မကွေးတိုင်း၊ ပေါက်မြို့နယ်မှ သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်မှု ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်လိုက်ပြီး ပြည်သူများနှင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ထားသော သံဃာ့သပိတ်ကို ပူးပေါင်းပါဝင်လာသည့် မြို့နယ် ၁၄ ခုထိရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ကို ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ပခုက္ကူမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် ၊ ဝက်လက်မြို့နယ်၊ မြင်းမူ၊ အရာတော်မြို့၊ ဘုတလင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ထားဝယ်မြို့နယ်နှင့် ပေါက်မြို့နယ်မှ သံဃာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article