28 C
Yangon

စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ ရဲစခန်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ကြောင့် ပြည်သူများ ထိခိုက်မှုများ ရှိနေ

Must read

ရန်ကုန်၊ ဇူလိုင် ၂

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲကင်းစခန်းတွင် အကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့တို့ ကြား တိုက်ပွဲဖြစ်နေပြီး စစ်တပ်ကလေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲကင်းစခန်းတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲကင်းစခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော် လှန်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲပြင်းထန်နေခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် လက်နက်ကြီးများဖြင့်လည်း အဆက် မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အလုံး ၃၀ ထက်မနည်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ကျေးရွာနေပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဂျက်ဖိုက်တာနဲ့ ရွာထဲကို ၂ လုံးကျဲသွားတယ်၊ စစ်တပ်က ကျေးရွာထဲကို လက်နက်ကြီးနဲ့ အသည်းအ သန်ပစ်ခတ်နေတာ၊ အခုချိန်အထိ ရွာထဲကို လက်နက်ကြီး အလုံး ၃၀ ထက်မနည်း ကျရောက်ကွဲပြီး ပြီ၊ လေကြောင်းကနေလည်း အဆက်မပြတ်ဗုံးကျဲနေတုန်းပဲ၊ ဒဏ်ရာရတဲ့သူတွေအများအပြားရှိ တယ်၊ စစ်တပ်က အတိုက်ခံရတဲ့စခန်းကို စစ်ကူမပို့နိုင်တော့ လေကြောင်းနဲ့ လက်နက်ကြီးတွေပဲ အကြီးအကျယ်သုံးနေတာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဇွန်လ ၃၀ ရက်နေ့မှစတင်ပြီး မန္တလေးတိုင်း၊စဉ့်ကူးမြို့ရှိ မြိုနယ်ရဲတပ်ဖွဲမှူးရုံးအပါအဝင် အစိုးရရုံးတချို့ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကျဲမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၂၂၂ တပ်ရင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၂၂၂ တပ်ရင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article