31 C
Yangon

ခင်ဦးမြို့ပေါ် ဆေးရုံကြီးတွင် အထိုင်ချ တပ်စွဲထားသည့် စကခ ၄ မှ ဒုတပ်ကြပ် ကျော်စိုး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ခင်ဦးမြို့ပေါ်မှ စစ်သားများ အချင်းအချင်း ယုံကြည့်မှု မရှိတော့ဘဲ ထွက်ပြေးရန် ကြိုးစားနေကြောင်း CDM ဒုတပ်ကြပ် ပြောဆို

ရန်ကုန်၊ ဇူလိုင် ၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံကြီးတွင် အထိုင်ချ တပ်စွဲထားသည့် စကခ ၄ မှ ဒုတပ်ကြပ် ကျော်စိုး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ခင်ဦးမြို့ပေါ် ပြည်သူ့ဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ဒုတပ်ကြပ် ကျော်စိုး မြို့ထဲ ဈေးဘက် အထွက်အထိ ထွက်ပြေးလာခဲ့ပြီး ခင်ဦးမြို့နယ် ပလဖ အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဒုတပ်ကြပ် ကျော်စိုးသည် ၎င်းနှင့် အတူ MA1 သေနတ် ၂ လက်၊ ကျည် ၂၁၀ တောင့်၊ ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၁ လုံးတို့ အတူ ပါလာခဲ့ပြီး ခင်ဦးမြို့နယ် ပလဖအဖွဲ့မှ ထိန်းသိမ်းကာ လွတ်မြောက်ဒေသကို ပို့ဆောင်ရန် စစ်ဆေး စီစဉ်နေကြောင်း သိရသည်။

ခင်ဦးမြို့ပေါ်တွင် အထိုင်ချထားသော အကြမ်းဖက် စစ်သားများသည် အချင်းချင်း မယုံကြည်မှုများနေပြီး နေ့စဉ်နဲ့အမျှ ထွက်ပြေးရန် တွေးနေကြကြောင်း အလင်းဝင်လာသူ ဒုတပ်ကြပ်က ပြောဆိုသည်။

အလင်းဝင်လိုသော စစ်ကောင်စီ တပ်သားများ အနေဖြင့် ခင်ဦးမြို့နယ် ပြည်သူ့ရင်ခွင်တာဝန်ခံမှ ကြိုဆိုလျက်ရှိကြောင်းနှင့် လွတ်မြောက်ဒေသကို ဘေးကင်းလုံခြုံစွာ ရောက်ရှိရန် အစီအစဉ်ထားရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article