28 C
Yangon

PDF ထံတွင် စစ်တပ်မှ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးနှင့် ဒုရဲမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး ဇွန်လအတွင်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၄

ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထံသို့ ဇွန်လအတွင်း စစ်ကောင်စီ တပ်မှ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးနှင့် ဒုရဲမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ ၊ ပကဖ များကို ဆက်သွယ်၍ ဇွန်လအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၈ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်ရောက်သူများထဲမှ အရာရှိ အဆင့် ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးနှင့် ဒုရဲမှူး ၁ ဦး တို့ ပါဝင်ကြောင်း၊ အလင်းဝင်ရောက်လာသူ ၄၃ ဦးတွင် လက်နက်နှင့် တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများလည်း ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွန်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ ၁၈ လက်နှင့်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်းအမိန့် ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF ၊ ပကဖများနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article