28 C
Yangon

လားရှိုးမြို့ပေါ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲ၊ စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ်နေ

Must read

လားရှိုးမြို့ပေါ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲ၊ စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ်နေ

ရန်ကုန်၊ ဇူလိုင် ၄

ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲမှုများရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ လားရှိုးမြို့ပေါ်ရှိ မန်အိုင် ရပ်ကွက် ၄ နှင့် ၅ အနီးတဝိုက်တွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး လားရှိုးအရှေ့ဘက် နေတက်ဘုရားတောင် အနီးတစ်ဝိုက်တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် လားရှိုးမြို့ထဲကို ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်များနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မွန်းလွဲ ၂ နာရီကျော်က မန်အိုင်ဘက် ရပ်ကွက် ၄ နဲ့ ၅ အနီးတဝိုက်မှာ တိုက်ပွဲတွေ စဖြစ်နေတယ်။ ရပ်ကွက် ၁၂ ဘက် လားရှိုးကြီးကိုလည်း စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျတယ်။ ခုလည်း လားရှိုး အရှေ့ဘက် နေတက်ဘုရားတောင်နားတစ်ဝိုက် လက်နက်ငယ်နဲ့ စတင်ပစ်ခက်နေတယ်။ စစ်ခွေးတွေက ဂျက်ဖိုက်တာတွေ တောက်လျောက်ဝဲပြီး ပစ်နေတယ်။ ဘယ်နားကို ပစ်လည်းတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article