28 C
Yangon

မတူပီမြို့သိမ်း တိုက်ပွဲအတွင်း ထွက်ပြေး လွတ်မြောက်လာသည့် စစ်တပ်က မတရား ဖမ်းဆီး ထောင်ချထားသော နိုင်ငံရေး အကျဉ်းသား ၁၃ ဦး မတူပီ CDF ထံ ခိုလှုံ

Must read

မတူပီမြို့သိမ်း တိုက်ပွဲအတွင်း ထွက်ပြေး လွတ်မြောက်လာသည့် စစ်တပ်က မတရား ဖမ်းဆီး ထောင်ချထားသော နိုင်ငံရေး အကျဉ်းသား ၁၃ ဦး မတူပီ CDF ထံ ခိုလှုံ

ရန်ကုန်၊ ဇူလိုင် ၄

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲ အတွင်း ထွက်ပြေး လွတ်မြောက်လာသည့် အကြမ်းဖက် စစ်တပ်က မတရား ဖမ်းဆီး ထောင်ချထားသော နိုင်ငံရေး အကျဉ်းသား ၁၃ ဦး ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ-၁) ထံ ခိုလှုံလာကြောင်း Chinland Defense Force Matupi Brigade 1 က ပြောဆိုသည်။

ထွက်ပြေး လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများမှာ ကိုဗန်ကစ်လျန် ၊ ကိုအောင်ကို ၊ ကိုယောန၊ ကိုကျော်ထန်းလျန်အောင် ၊ ကိုမိန်ထဲန် ၊ ကိုပါထုန်၊ ကိုကပ်ထန်း ၊ ကိုပါကေး၊ ကိုအောင်သိန်းဝင်း၊ ကိုစံသိန်း၊ ကိုထဲလ်တွီး၊ ကိုဒီဇင်ထန်း နှင့် မပိုးဇင်နီယာတို့ ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများကို မတူပီမြို့မ ရဲစခန်းအချုပ်မှ မတူပီ အခြေချ စစ်ဗျူဟာနှင့် ခလရ ၁၄၀ ဘက်သို့ ရွေ့ပြောင်း ချုပ်နှောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသားများကို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းများတွင် ညှပ်ထည့်ကာ ဒဏ်ရာရ အကြမ်းဖက် စစ်သားများကို သယ်ဆောင်ရန် အတင်းအဓမ္မ ခိုင်းစေ အသုံးပြုခဲ့ကြောင်းလည်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေး အင်အားစုများက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်း တပ်ပျက်စဉ်တွင် နိုင်ငံရေးအကျဉ်းသားများက ထွက်ပြေး လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article