28 C
Yangon

ကျိုက်မရောမြို့နယ်ရှိ ခမရ ၂၀၈ တပ်ရင်းကို တာဝေးပစ် ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ကျိုက်မရောမြို့နယ်ရှိ ခမရ ၂၀၈ တပ်ရင်းကို တာဝေးပစ် ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၈ တပ်ရင်းကို တာဝေးပစ် ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကျိုက်မရောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၈ တပ်ရင်းကို BELU ယက္ခဒီပအဖွဲ့က ၎င်းတို့ ထုတ်လုပ်ထားသော တာဝေးပစ်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ တာဝေးပစ် ဒုံး ၃ လုံးလုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BELU ယက္ခဒီပပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ SG Production နှင့် MNSP -AD တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article