33 C
Yangon

ယင်းမာပင်၊ အမှတ် ၂၈ ရဲတပ်ရင်းနှင့် ရွှေတောင်ရိပ်သာတွင် ကျင်းပနေသည့် စစ်သား မင်္ဂလာဆောင်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ယင်းမာပင်၊ အမှတ် ၂၈ ရဲတပ်ရင်းနှင့် ရွှေတောင်ရိပ်သာတွင် ကျင်းပနေသည့် စစ်သား မင်္ဂလာဆောင်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်းနှင့် ရွှေတောင်ရိပ်သာတွင် ကျင်းပနေသည့် စစ်သား မင်္ဂလာဆောင်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၇ ရက် နံနက် ၁၁ နာရီအချိန်တွင် ယင်းမာပင်မြို့နယ်၊ ရဲတပ်ရင်း ၂၈ ဗဟိုကင်းနှင့် Jammer ထိုင်ထားရာ ရေစင်ပေါ်သို့ Fixed Wings ဒရုန်းဖြင့် 1kg ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးကုန်းရှိ အကြမ်းဖက်စစ် သားများနေထိုင်သော ရိပ်သာအတွင်း အကြမ်းဖက် စစ်သားတစ်ဦး မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် Fixed Wings ဒရုန်းဖြင့် 1kg ဗုံးသီး ၃ လုံးကျဲချ တိုက်ခဲ့ရာ မင်္ဂလာ ဆောင်လာရောက်သူအားလုံးထွက်ပြေးသွားပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“ချသမျှ ဗုံးသီးတွေ အကုန်လုံးကွဲပါတယ်။ ပစ်မှတ်ကိုလည်း အကုန်လုံးထိအောင်ချနိုင်ခဲ့ပါတယ်။ စခ မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အချိန် ဒရုန်းနဲ့ဗုံးသီးချတာက အထိအခိုက် မသိရသေးဘူး။ မင်္ဂလာ ဆောင်လာတဲ့လူတွေကတော့ အကုန်ထွက်ပြေးတယ်လို့ သိရတယ်။ ရဲတပ်ရင်း ၂၈ ကနေတော့ လက်နက်ကြီး ၇ ချက်ပြန်ပစ်တယ်။ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု ကျောက် လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုများကို ယင်းမာပင် ခရိုင်ဗျူဟာ အမှတ် ၄၅ KLG PDF၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ၊ ချင်းတွင်းဂဠုန်ရာဇာအဖွဲ့နှင့် P.R.A.F အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article