(Edited Version)
စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့က ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ပြီး သိမ်းပိုက်နိုင်ရန် ကြိုးစားနေဆဲ
ရန်ကုန်၊ ဇူလိုင် ၁၄
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့က ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ကျနော်တို့ စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။ သိမ်းပိုက်နိုင်ခြင်းမရှိပါဘူး။ မြေပြင်မှာ ထိုးစစ်ဆင်နေတဲ့ အဖွဲ့တွေကို မေးစေချင်ပါတယ်။ သိမ်းပိုက်နိုင်ပြီလို့ ဖြေတဲ့ အဖွဲ့တွေက စစ်ဆင်ရေးမှာ မပါပါဘူး။” ဟု မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် စဉ့်ကူးမြို့၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန် ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ဂျက်ဖိုက်တာ ၊ Mi35 တို့ဖြင့် လေကြောင်း ပစ်ကူများ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်း သိရှိရသည်။
(မူလသတင်းတွင် စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်သည်ဆိုသော သတင်းကို ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်တွင် ပြန်လည် ပြင်ဆင်အပ်ပါသည်။)