ဘူဆန်မြို့မှ ဆိုးလ်မြို့စစ်သံရုံးအထိ ၂၁ ရက်တာလမ်းလျှောက်ချီတက်ဆန္ဒပြခြင်း ၉ ရက်မြောက်နေ့အဖြစ် ဂင်ချွန်းမြို့သို့ ရောက်ရှိ
ရန်ကုန်၊ ဇူလိုင် ၁၅
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှ ဆိုးလ်မြို့စစ်သံရုံးရှေ့အထိ ၂၁ ရက် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒပြခြင်း ၉ ရက်မြောက်နေ့အဖြစ် ဂူမိမြို့မှစတင်ထွက်ခွာပြီး ဂင်ချွန်းမြို့သို့ရောက်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
ဂင်ချွန်းမြို့ရှိ တက်ကြွသူနယ်ခံများက ဝန်းရံကြိုဆိုကာ တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက တိုင်းပြည်အတွက် မြန်မာပြည်သူလူထုအတွက် အားရဂုဏ်ယူစရာ ဖြစ်သည့်အတွက် ကြံ့ခိုင်သည့်စိတ်ထားဖြင့် ရှေ့ဆက်ရန်နှင့် ဆက်လက်ဝန်းရံပေးကြပါရန် အားပေးတိုက်တွန်စကားဆိုခဲ့ကြောင်း သိရှိရသည်။