26 C
Yangon

မော်လမြိုင်မှ ရန်ကုန် ကိုထွက်လာသည့် စစ်တပ်မှ အရာရှိများ လိုက်ပါလာသော ရထား မိုင်းဆွဲ တိုက်ခိုက်ခံရပြီး လမ်းပိုင်း ပျက်စီး၊ မော်လမြိုင်-ရန်ကုန် မီးရထား ခရီးစဉ်များ ရပ်နားထားရ

Must read

မော်လမြိုင်မှ ရန်ကုန် ကိုထွက်လာသည့် စစ်တပ်မှ အရာရှိများ လိုက်ပါလာသော ရထား မိုင်းဆွဲ တိုက်ခိုက်ခံရပြီး လမ်းပိုင်း ပျက်စီး၊ မော်လမြိုင်-ရန်ကုန် မီးရထား ခရီးစဉ်များ ရပ်နားထားရ

ရန်ကုန်၊ ဇူလိုင် ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မှ ရန်ကုန် ကိုထွက်လာသည့် အကြမ်းဖက် စစ်တပ်မှ အရာရှိများ လိုက်ပါလာသော ရထား မိုင်းဆွဲ တိုက်ခိုက်ခံရပြီး လမ်းပိုင်း ပျက်စီးသွားကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မော်လမြိုင်မှ ရန်ကုန်ကို ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်မှ အရာရှိများ လိုက်ပါလာသည့် အမှတ် ၈၂ အစုန် ရထားသည် သိမ်ဆိပ် နှင့် ဒုံဝန်း ဘူတာ အကြား မိုင်တိုင်အမှတ် 124 (12/13 ) အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် မီးရထားလမ်း ပိုင်း ပြန်လည် ပြုပြင်ရန် စက်မှုဌာနမှ မော်လမြိုင် တွဲပြင် အဖွဲ့များနှင့် သထုံဘူတာမှ အနယ လမ်းပြုပြင်ရေးအဖွဲ့များက လမ်းပိုင်းကို ပြန်လည် ပြင်ဆင်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း လုံခြုံရေး အမြောက်အများချထားကြောင်း သိရှိရသည်။

“ကရိန်းတော့ မထွက်ဘူး တိုင်း ၈ က အနယ နဲ့ စက်မှုဌာနက မော်လမြိုင်တွဲပြင် အဖွဲ့တွေပဲ ကားတွေ နဲ့ သထုံဘူတာမှာတော့ အနယ လမ်းပြုပြင်ရေးအဖွဲ့တွေရှိတယ် သူတို့ ပေါင်းပြီး ရထားလမ်းပြုပြင်မယ်သိရပါတယ်။ စစ်တပ်က လုံခြုံရေ အပြည့် ချထားတယ်လို့ သိရပါတယ်။ အဲ့ရထားမှာ စစ်တပ်က အကောင်ကြီးတွေပါတယ်။ အကောင်ကြီးတွေ အတွက် လုံခြုံရေးချထားတာပါ။ မော်လမြိုင် ကနေ ထွက်တဲ့ အမှတ် ၈၂ အစုန်ရထားပါ” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှုကိုလည်း ခေတ္တရပ်နားထားပြီး မီးရထား လမ်းပိုင်း ပြင်ဆင်ရေး ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article