ရန်ကုန်၊ ဇူလိုင် ၁၈
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုကို ရူပီးနှင့်ကျပ် ငွေပေးချေမှုကို ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံဘဏ်များအကြား Special Rupee Vostro Account (SRVA) ကို အသုံးပြု၍ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အိန္ဒိယအစိုးရဘက်မှ အစိုးရဘဏ်ဖြစ်သော Punjab National Bank က လည်းကောင်း၊ မြန်မာစစ်ကောင်စီဘက်မှ မြန်မာ့စီးပွားရေးဘဏ်၊ ယူအေဘီဘဏ်၊ CB ဘဏ်၊ ကမ္ဘ့ာရတနာဘဏ်၊ ရိုးမဘဏ်၊ ဧရာ၀တီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာ၀တီဘဏ်နှင့် ရွှေဖွံဖြိုးတိုးတက်ရေးဘဏ်တို့က လည်းကောင်း နှစ်နိုင်ငံ ဘဏ်များအချင်းချင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဒီမိုကရေစီ နိုင်ငံဖြစ်သော အိန္ဒိယအစိုးရက အာဏာသိမ်း အကြမ်းဖက် မြန်မာစစ်ကောင်စီနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ပြီး စစ်ရေး၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar