တမူးမြို့နယ်စပ်တစ်နေရာရှိ ကိုယ်ထူကိုယ်ထ နွေဦးစာသင်ကျောင်းတွင် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၉
တမူးမြို့နယ်စပ်တစ်နေရာရှိ ကိုယ်ထူကိုယ်ထ နွေဦးစာသင်ကျောင်းတွင် ၇၇ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ ဖြစ်ပေါ်လာရခြင်များ၊ အာဇာနည်၏အဓိပ္ပါယ် ဖွင့်ဆိုခြင်းများဟောပြောခြင်း၊ အာဇာနည်နှင့်ပတ်သက်သည့် ကဗျာများရွတ်ဆိုခြင်းများကို ကဗျာဆရာ ရင်ရိုးနှင့်ကလေးသူငယ်နှင့် အမျိုးသမီးရေးရာမြိုနယ်တာဝန်ခံဒေါ်မြတ်နိုးတို့ ဟောပြောရွတ်ဆိုကြကြောင်း သိရှိရသည်။