မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အလေးပြု အခမ်းအနား ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၉
ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အလေးပြု အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ အရာရှိ၊ စစ်သည်များအပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောာင်ကြီးများ၊ ခေတ်အဆက်ဆက် တော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဲဘော်များ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှ ကျဆုံးသူရဲကောင်းရဲဘော်များကို အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၏ ယာယီတပ်ရင်းမှူးနှင့် တပ်ထောက်ဗိုလ်ကြီးတို့အပြင် ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတို့မှ အာဇာနည်နေ့ အမှတ်တရစကားများ ပြောကြားခဲ့သည်။ ထို့ပြင် ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါးအလုံး(၅၀,၀၀၀)ကျော်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။