အမေရိကန်တစ်ဒေါ်လာ ၄၉၀၀ ဝန်းကျင်နှင့်အခေါက်ရွှေတစ်ကျပ်သား ၅၉ သိန်း ၈ သောင်းစျေးပေါက်နေ
ရန်ကုန်၊ ဇူလိုင် ၂၀
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၉၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၉ သိန်း ၈ သောင်း ကျပ်ရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယနေ့ ဖြစ်ပေါ်နေသော စျေးနှုန်းများမှာ ယခင်ရက်များနှင့်နှိုင်းယှဉ်လျှင် အနည်း ငယ် ပြန်လည်ကျဆင်းခြင်းဖြစ်ပြီး အခေါက်ရွှေစျေးနှုန်းမှာ ယခင်ရက်ပိုင်းက တစ်ကျပ်သားလျှင် သိန်း ၆၀ စျေးဝန်းကျင်တွင်ရှိနေခဲ့ကြောင်း သိရှိရသည်။
“ရွှေစျေးကတော့ အဝယ်များတယ်။ ဘဏ်ဂယက်နဲ့ အဝယ်က တောက် လျှောက်များနေတာ။ ဇူလိုင်လ ၁၈ ရက်တုန်း အခေါက်ရွှေတစ်ကျပ်သားကို သိန်း ၆၀ လောက်ပေါက်တယ်။ အဲဒီနောက်မှ ကျလည်း သောင်းဂဏန်းပဲ။ အပြင်မှာ တေ့တေ့ဆိုင်ဆိုင်ဝယ်မယ်ဆိုရင်တော့ တစ်ကျပ်သား သိန်း ၆၀ တော့ပေးရတယ်။ အခေါက်ရွှေလည်း အရောင်း ပါးတယ်။ ဆိုင်တွေမှာလည်း ဝယ်မရဘူး။ အပြင်စျေးကွက်မှာ အချိတ်အဆက်ရှိမှ ဝယ်လို့ရတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။
အမေရိကန်ဒေါ်လာမှာလည်း ဆက်လက် စျေးမာနေဆဲဖြစ်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၉၀၀ ဝန်းကျင်ရှိနေကြောင်း၊ အဝယ်များနေ၍ စျေးမှာ ဆက်လက် မာနေဆဲဖြစကြောင်း သိရှိရသည်။
