ဘူဆန်မှ ဆိုးလ်မြို့အထိ ၂၁ရက် လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း ၁၄ ရက်မြောက်နေ့အဖြစ် ဂျိဆန်းယော့သို့ ရောက်ရှိ
ရန်ကုန်၊ဇူလိုင် ၂၀
တောင်ကိုရီးယားနိုင်ငံ၊ဘူဆန်မြို့မှ ဆိုးလ်မြို့ စစ်သံရုံးရှေ့အထိ ၂၁ ရက်ကြာ မြန်မာနိုင်ငံ
စစ်အာဏာသိမ်းမှု အလိုမရှိ ဆန့်ကျင်လမ်းလျှောက်ချီတက်ဆန္ဒပြခရီးစဥ် ၁၄ ရက်မြောက်နေ့အဖြစ် ဂျောင်းဒုံယော့မှစတင်ထွက်ခွာကာ ဂျိဆန်းယော့သို့ရောက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။


