21 C
Yangon

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး အ ကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေကြောင်း မကွေးတိုင်းပကဖ ဒရုန်း လက်ရုံးတပ်ဖွဲ – B.H.S.R.F မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြား သည်။

ယမန်နေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင် ပခုက္ကူမြို အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ၏ လက်အောက်ခံ တပ်မ ၁၀၁ ကို Short Range Missile ၁၀ လုံး ဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်တပ်အတွင်းမှ ၈၁ မမ ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထိုသို ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးပျက်စီးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်းပကဖ Drone လက်ရုံးတပ်ဖွဲ (B.H.S.R F) ၊ ပခုက္ကူခရိုင် တပ် ပေါင်းစုနှင့် နယ်စည်းမခြား Freedom ဖက်ဒရယ်စစ်ကြောင်း – ၁ တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဖြစ် သည်။

ယနေ့ ဇူလိုင်လ ၂၃ ရက် နေ့တွင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ အကြမ် းဖက်စစ်ကောင်စီ တပ် သားများက အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးကာ ရှာဖွေစစ်ဆေးနေကြောင်း မကွေးတိုင်း ပကဖ ဒရုန်း လက်ရုံးတပ်ဖွဲ – B.H.S.R.F မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ယမန်နှစ် ပုလဲဂျိုကာတပ်ဖွဲက ရော့ကတ်ဖြင့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်သည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နှစ် ပုလဲဂျိုကာတပ်ဖွဲက ရော့ကတ်ဖြင့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်သည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article