မုံရွာ-အမြင့်လမ်းသပိတ်ရဲဘော်များ ဓာတ်ပုံကမ်ပိန်းပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၂၃
မုံရွာ-အမြင့်လမ်းသပိတ်ရဲဘော်များက စစ်အာဏာရှင်၏ မတရားကြိုးမိန့်ပေး အသတ်ခံရတဲ့ တော်လှန်ရေးသူရဲကောင်းများဖြစ်သော ကိုဂျင်မီ၊ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရ ဇော်တို့အပါအဝင် စစ်အာဏာရှင်၏ မတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အကျဥ်း ထောင်ထဲရှိ ပြည်သူများ၊ ရဲဘော်များအတွက် ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“အသက်တွေကိုသာ ကြိုးမိန့်ပေးလို့ရမယ် ခံယူချက်တွေကို ကြိုးမိန့်ပေးလို့မရဘူး” “မတရားညှင်း ပန်းနှိပ် စက် သတ်ဖြတ်မှုတွေ ကျုးလွန်နေတဲ့ ထောင်တွေကို ရိုက်ဖွင့်ကြ” “တရားတဲ့သူသာ နိုင်ကြေးဟေ့ စာသားများ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။


