ရန်ကုန်တွင် မင်းအောင်လှိုင် ယာယီသမ္မတရာထူးရယူခြင်းအပေါ် ကန့်ကွက်ရှုတ်ချသည့်အနေနှင့် ” ဦးဝင်းမြင့်သာလျှင် ငါတို့သမ္မတ “ဟူသည့် ဘန်နာစာသားကို ချိတ်ဆွဲ
ရန်ကုန်၊ ဇူလိုင် ၂၃
ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတရာထူးရယူခြင်းအပေါ် ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ” ဦးဝင်းမြင့်သာလျှင် ငါတို့သမ္မတ “ဟူသည့် ဘန်နာစာသားကို ယနေ့ ဇူလိုင်လ ၂၃ရက်နေ့၌ ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်၊ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) နှင့် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC)တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


