27 C
Yangon

မန္တလေး PDF က သိမ်းပိုက်ထားသော စဉ့်ကူးမြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို တုံ့ပြန်တိုက်ခိုက်နိုင်၍ ပြန်လည် ဆုတ်ခွာသွား၊ တော်လှန် ရေးတပ်ဖွဲ့များ စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင် ရွက်ရန် တိုက်တွန်း

Must read

မန္တလေး PDF က သိမ်းပိုက်ထားသော စဉ့်ကူးမြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို တုံ့ပြန်တိုက်ခိုက်နိုင်၍ ပြန်လည် ဆုတ်ခွာသွား၊ တော်လှန် ရေးတပ်ဖွဲ့များ စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင် ရွက်ရန် တိုက်တွန်း

ရန်ကုန် ၊ ဇူလိုင် ၂၈

မန္တလေး PDF က သိမ်းပိုက်ထားသော စဉ့်ကူးမြို့ကိုထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို မန္တလေး PDF ဦးဆောင်သော တော်လှန်ရေးတပ်များက တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ပြန်လည် ဆုတ်ခွာသွားကြောင်း မန္တလေး PDF က တရားဝင်သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် မန္တလေး PDF ဦးဆောင်သော တော်လှန်ရေးတပ်များက စဉ့်ကူးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက် နိုင်ခဲ့ကြောင်း၊ ယင်းနောက် အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၂၀ ရက်နေ့တွင် သင်္ဘော ၅ စီးခန့်ဖြင့် ဧရာ၀တီမြစ် ကြောင်းမှတစ်ဆင့် စဉ့်ကူးမြို့ကို တန်ပြန်ထိုးစစ်ပြုလုပ်လာခဲ့ကြောင်း၊ အဆိုပါ တန်ပြန်ထိုးစစ်ကို တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့၍ အကြမ်းဖက်စစ်တပ်က မြစ်တစ်ဖက်ကမ်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်းလည်း သိရှိရသည်။

စဉ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြီးသတ်သိမ်းပိုက်နိုင်ပြီး ဖြစ်သော်လည်း နယ်မြေလုံခြုံရေးနှင့် အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေရချိန်ဖြစ်၍ ယခုကာလကို ရှုပ် ထွေးသောကာလအဖြစ် သတ်မှတ်နိုင်ကြောင်း၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိ မပေါ့လျော့ဘဲ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြပါရန် တိုက်တွန်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တိုက်တွန်းသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်က ပြည်သူကို ပစ်မှတ်ထား၍ လေကြောင်းတိုက် ခိုက်မှုများ ၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်၍ စစ်ရာဇဝတ်မှုများ ပေါ်ပေါ် ထင်ထင် ကျူးလွန်နေချိန်ဖြစ်သောကြောင့် လက်နက်ကိုင်ဆောင်ထားသော တော် လှန်ရေးတပ်ဖွဲ့ များအနေဖြင့် ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်လုပ်ရပ်များနှင့် ပြည်သူကို မျက်နှာမူခြင်းမရှိသည့် လုပ်ရပ်များကို ရှောင်ရှားကြရန် တိုက်တွန်းသည်။

စဉ့်ကူးမြို့နယ်သည် စစ်ဆင်ရေးလုပ်ငန်းများ ဖော်ဆောင်နေဆဲကာလဖြစ်ပါသောကြောင့် မိတ်ဖက် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးကာလအတွင်း လေးစားလိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ ပြုမူနေထိုင်ပေးကြပါ ရန် လေးလေးနက်နက် တိုက်တွန်းကြောင်း မန္တလေး PDF က မေတ္တာ ရပ်ခံထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် စဉ့်ကူးမြို့ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီးအကြမ်းဖက်စစ်တပ်သည်လည်း စဉ့်ကူးမြို့ ပြန်ရရေး ကြိုးပမ်းမှုများရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article