28 C
Yangon

လားရှိုးမြို့ တည်ငြိမ်အေးချမ်းရေး မူလအတိုင်း ပြန်လည် ရောက်ရှိရေး ဆောင် ရွက်မည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို MNDAA ချပြ၊ လူမျိုးရေး၊ ဘာသာရေး အပါအဝင် ခွဲခြားဆက်ဆံမှုမရှိဘဲ လားရှိုးမြို့ကို အုပ်ချုပ်မည်

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ တည်ငြိမ်အေးချမ်းရေးနှင့် မူလအတိုင်း ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိရေး ဆောင်ရွက်မည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို MNDAA က ချပြလိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်သော MNDAA ၏ ကြေညာချက်တွင် အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး MNDAA က ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ MNDAA က အုပ်ချုပ်ရာတွင် ကျင့်သုံးမည့် လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး ဆိုင်ရာ စံနှုန်းများ၊ MNDAA ရဲဘော်များ လိုက်နာရမည့် ကျင့်ဝတ်များကို အဆိုပါ ကြေညာချက်တွင် အကျယ်တဝင့်ဖော်ပြထားသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့နယ်တစ်ခုလုံးကို MNDAA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာပြီးနောက် MNDAA က နောက်ဆက်တွဲ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များအတွက် ဆက်တိုက်ဆိုသလို ကြေညာချက် ထုတ်ပြန်နေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article