25 C
Yangon

Breaking News- စစ်ကောင်စီ၏ လစာတိုးဂယက်ကြောင့် အမေရိကန်တစ်ဒေါ်လာ ၅၂၀၀ ကျပ်ဝန်းကျင်ရောက်ရှိလာပြီး အခေါက်ရွှေစျေးမှာ ၆၄ သိန်းအထိ စံချိန်တင် ထိုးတက်

Must read

Breaking News- စစ်ကောင်စီ၏ လစာတိုးဂယက်ကြောင့် အမေရိကန်တစ်ဒေါ်လာ ၅၂၀၀ ကျပ်ဝန်းကျင်ရောက်ရှိလာပြီး အခေါက်ရွှေစျေးမှာ ၆၄ သိန်းအထိ စံချိန်တင် ထိုးတက်

ရန်ကုန်၊ ဇူလိုင် ၂၈

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ တနင်္ဂနွေနေ့ပင်ဖြစ်လင့်ကစား စစ်ကောင်စီ၏ လစာတိုးဂယက်ကြောင့် အမေရိကန် တစ်ဒေါ်လာ ၅၂၀၀ ဝန်းကျင်အထိရောက်ရှိလာပြီး အခေါက် ရွှေစျေးမှာ ၆၄ သိန်းအထိ စံချိန်တင် ထိုးတက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ဒီနေ့ တနင်္ဂနွေနေ့ စျေးကွက်က ပုံမှန် ပိတ်ပေမယ့် အခုက လစာတိုးဂယက်က အရမ်းကြီးနေတယ်။ အမေရိကန်တစ်ဒေါ်လာကို ၅၁၅၀ နဲ့ ၅၂၀၀ အကြား စျေးရှိတယ်။ အရွက်ဝယ်မယ်ဆိုရင်တော့ တစ်ဒေါ်လာ ၅၂၀၀ အပေါ် ပေးရမယ်။ ဩဂုတ်လ ၁ ရက်နေ့ လစာတွေ တကယ် စပြီးတိုးရင် ပိုပြီးတော့ စျေးကွက် ဂယောက်ဂယက်ဖြစ်မယ်” ဟု ရန်ကုန်နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ရှင်းပြသည်။

အခေါက်ရွှေစျေးနှုန်းမှာလည်းတစ်ကျပ်သားလျှင် ငွေကျပ် ၆၄ သိန်းကျော်ရောက် ရှိနေပြီး ယနေ့ တနင်္ဂနွေနေ့ စျေးကွက်ဖြစ်ပေါ်သော စျေးနှုန်းမှာ စံချိန်တင် စျေးနှုန်းဖြစ်နေကြောင်း သိရှိရသည်။

“အဝယ်အရောင်းတော့မရှိဘူး။ ဒါပေမယ့် မီးလင်းရွှေစျေးက ၆၄ သိန်းကျော်နေတယ်။ တနင်္လာနေ့ စျေးကွက် ပြန်ဖွင့်ရင် ပိုဆိုးမယ်ထင်တယ်” ဟု ရန်ကုန်မြို့မှ လုပ်သက်ရင့် ရွှေကုန်သည် တစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ဩ ဂုတ် လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်း ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် နိုင်ငံ့ဝန်ထမ်းများကို လက်ရှိလစာအပြင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ကြေးကို ပထမအကြိမ် တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခုအခါ လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ်အဖြစ် ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀၀၀၀ စီ ဒုတိယအကြိမ် ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးမှ ဝန်ထမ်းများနှင့်အငြိမ်းစားများကို လစာတိုးမြှင့်မည်ဟု ကြေညာပြီးနောက်ပိုင်း စျေးကွက်တွင် လှုပ်ခတ်မှုများဖြစ်လာပြီး ရွှေစျေးနှင့် ဒေါ်လာစျေးများ စံချိန်တင် အမြင့်ဆုံးသို့ မြင့်တက်လာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article