27 C
Yangon

မန္တလေးတွင် ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း-မန်းစစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

မန္တလေးတွင် ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း-မန်းစစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း Anti-junta Forces Coordination Committee – Mandalay က လှုပ်ရှားမှု ပြုလုပ်ကြောင်း သိရှိရသည်။

ယခု ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်း-မန်းစစ်ဆင်ရေးလှိုင်းတွေကို မန္တလေးပြည်သူလူ ထုက ဝန်းရံ၊ ထောက်ခံ ကြိုဆိုလျက်ရှိကြောင်းကို လုံခြုံရေးတင်းကျပ်သည့်ကြားမှ ရွှေမန်းမြေ၏ အထင်ကရနေရာများတွင် လှုပ်ရှားဖော်ဆောင်ခဲ့ကြောင်း၊ “တော်လှန်လှိုင်း “တလှိုင်းပြီး တလှိုင်း” အင်အားကောင်းစွာ အရှိန်မပြတ်လာနိုင်ရန် လူထု အား လိုအပ်ကြောင်း ၊ ထို့ကြောင့် စစ်ရေးတိုက်ပွဲနှင့်အတူ လူထုတိုက်ပွဲကိုလည်း အရှိန်မြှင့်ဖော်ဆောင်ကြရန် တိုက်တွန်းသည်။

ပြည်သူအားလုံး ပါဝင်နိုင်သည့် အထွေထွေ အာဏာဖီဆန်ရေး လူထု “ဘူး” သပိတ်ကို အပြည့်အဝ ဖော်ဆောင်ကြရန်လည်း Anti-junta Forces Coordination Committee – Mandalay က တိုက်တွန်းသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article