25 C
Yangon

လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ အဆက်အသွယ်ရရှိဟု သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်ပြော

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ အဆက်အသွယ်ရရှိဟု အသိပေးလာကြောင်း သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့တွင် ဖခင်ဖြစ်သူ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်သည်ဟု သတင်းရရှိကြောင်း၊ လားရှိုးတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် အခြေ အနေ တစ်စုံ တစ်ရာ စုံစမ်း မသိရှိရဘဲ အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ယနေ့ နံနက်ပိုင်း BPLA မှ မောင်ဆောင်းခက ဦးထွန်းထွန်းဟိန်နှင့် မဟာမိတ်တပ်များ အဆက်အသွယ်ရရှိထားသည်ဟု အသိပေးလာကြောင်း ဒေါ်မေသင်္ကြန်ဟိန်က ပြောဆိုသည်။

“ကိုဆောင်းခကတော့ ကျမကို စိတ်မပူဖို့ အမြဲပြောပါတယ်၊ ကျမ အနေနဲ့က တော့ ဖေဖေ့ အသံကြားရမှသာ စိတ်အေးနိုင်မှာပါ၊ဘေးကင်းလုံခြုံရာမှာရှိနေမယ်လို့လည်း ယုံကြည်ပါတယ်။ အခုလည်းကိုဆောင်းခက မဟာမိတ်တွေဆီမှာ ရှိမရှိသေချာအောင် လုပ်နေပါတယ်” ဟု ဒေါ်မေသင်္ကြန်ဟိန်က ဆိုသည်။

NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ – ၁၂၂၊ ရာသတ်ကြီးပုဒ်မ – ၅၀၅ (က) ၊ပုဒ်မ – ၅၀၅ (ခ) တို့ဖြင့် စစ်ကောင်စီက ထောင် ဒဏ် ၃၃ နှစ် မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၇၅ နှစ် အရွယ်ရှိနေပြီဖြစ်သည့် ဦးထွန်းထွန်းဟိန်သည် ၂၀၂၀ ရွေး ကောက်ပွဲ တွင် ရှမ်း ပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူလည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article