33 C
Yangon

၁၀၂၇ ပထမနှင့်ဒုတိယလှိုင်း စစ်ဆင်ရေးအပေါ် ပြည်သူများ၏ ထောက်ခံမှုအပေါ် ကျေးဇူးတင်ပြီး စစ်အာဏာရှင် စနစ် အမြစ်ပြုတ်သည်အထိ ဟန်ချက် ညီညီ တိုက်ပွဲဝင်ကြရန် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်တွန်း

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

၁၀၂၇ ပထမနှင့်ဒုတိယ စစ်ဆင်ရေးအပေါ် မြန်မာပြည်သူများ၏ ထောက်ခံမှု ကျေးဇူးတင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဟန်ချက်ညီညီ တိုက်ပွဲဝင်ကြရန် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း လိုက်သည်။

၁၀၂၇ စစ်ဆင်ရေး (ပ+ဒု) နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအား မိမိတို ညီနောင်မဟာမိတ် (၃) ဖွဲမှ အလေးအနက် ကျေးဇူးတင်ရှိကြောင်း၊ ထို့ပြင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ယနေ့အထိ အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး တော် လှန်ရေးကို စဉ်ဆက်မပြတ် ဝိုင်းရံပေးနေကြသော ရဲရင့်သည့် မြန်မာပြည်သူ တစ် ရပ်လုံး၏ တော်လှန်စိတ်ဓာတ်ကို မိမိတို ညီနောင်မဟာမိတ် ၃ ဖွဲ့က အလေးနက်ထား ချီးကျူးဂုဏ်ပြုအပ်ကြောင်း ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည်။

ကြံ့ကြံ့ခံသော စိတ်ဓာတ်၊ နောက်မဆုတ်သော စိတ်ဓာတ်တို့ဖြင့် စစ်အာဏာ ရှင်စနစ် အမြစ်ပြုတ်သည်အထိ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်ကြရန် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း ပြောဆိုသည်။

ဓာတ်ပုံ – မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကို ထောက်ခံနေကြသော ပြည်သူများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article