လားရှိုးတွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၅ ဉီးသေဆုံးပြီး နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီး၊ တိုက်ပွဲ ၃၆ ရက်အတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၁၃၃ ဦးသေဆုံးခဲ့
ရန်ကုန်၊ ဇူလိုင် ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သား ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ် ၁၅ လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယနေ့ ဇူလိုင် ၃၁ ရက်နေ့ ယနေ့ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုကြောင့် လားရှိးမြို့၊ ရပ်ကွက် ၉ ရှိ ကုန်စုံဆိုင်တစ်ဆိုင်မီးလောင်ပြာကျသွားခဲ့ကြောင်း၊ ဇူလိုင် ၂၉ ရက်နေ့တွင်လည်း လားရှိးတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး ထိမှန်သေဆုံးသွားခဲ့ကာ ဆိုင်ခန်းနှင့် နေအိမ် ၁၅ လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲ ၃၆ ရက်အတွင်းတွင် စစ်ကောင်စီက အရပ်သားများတည်ရှိရာနေရာသို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား စုစုပေါင်း ၁၃၃ သေဆုံးပြီး ၁၇၀ ဦးထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် ၁၀၅ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။