33 C
Yangon

ဇူလိုင်လအတွင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူ ၅၄ ဦး အထိရှိလာ

Must read

ရန်ကုန်၊ ဩဂုတ် ၁

အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရင်ခွင်သို့ ဇူလိုင်လအတွင်း ခိုလှုံလာသူ စုစုပေါင်း ၅၄ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ လက်နက်ဖြင့် ခိုလှုံလာသူ ဦးရေမှာ ၂၆ ဦး ၊ လက်နက်မဲ့ ခိုလှုံလာသူ ဦးရေး ၂၈ ဦး စုစုပေါင်း ၅၄ ဦးဖြစ်ကြောင်း၊ ခိုလှုံလာသူများတွင် ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး၊ ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၄ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၃ ဦး၊ ရဲတပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ ရဲဒုတပ်ကြပ် ၁ ဦး၊ တပ်သား ၂၀ ဦးနှင့် ရဲတပ်သား ၁၅ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် MA 1 လက်နက် ၉ လက်၊ MA 2 လက်နက် ၃ လက်၊ MA 3 လက်နက် ၂လက်၊ MA 4 လက်နက် ၁ လက်၊ MA 5 လက်နက် ၂ လက်၊ G3 လက်နက် ၃ လက်၊ BA-63 လက်နက် ၁ လက်၊ HK လက်နက် ၁ လက်၊ လက်ပစ်ဗုံး ၁၁ လုံး၊ အီနာဂါဗုံးသီး ၃ လုံး၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ ကျည်ဆန်မျိုးစုံ ၃၈၇၁ တောင့်နှင့် ဆက်စပ် စက်ပစ္စည်းများ ရရှိခဲ့ကြောင်း သိရှိရသည်။

Photo – ခင်ဦးမြို့နယ်တွင် အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သား ၁ ဦး

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ခင်ဦးမြို့နယ်တွင် အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သား ၁ ဦး
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article