26 C
Yangon

ကန့်ဘလူတွင် ပြည်သူ့နေအိမ်များကို မီးရှို့နေသော စစ်တပ်စစ် ကြောင်း ကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံး

Must read

ကန့်ဘလူတွင် ပြည်သူ့နေအိမ်များကို မီးရှို့နေသော စစ်တပ်စစ် ကြောင်း ကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံး

ရန်ကုန်၊ ဩဂုတ် ၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း လှည့်ပတ်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့က ကန့်ဘလူမြို့နယ်၊ တင့်ကားတပ်ရင်း ၆၀၀၆ ၊ ခမရ ၃၆၁ ၊ ခမရ ၃၀၇ တပ် ရင်း တို့မှ စစ်သားများသည် ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်လေးရွာပျူရွာမှ ပျူစောထီးများဖြင့် ပူးပေါင်းကာ အင်အား ၁၂၀ ခန့်ဖြင့် သရက်ခေါင်းကျေးရွာဘက်သို့ ထွက်လာပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ သရက်ခေါင်းကျေးရွာနေပြည်သူ ၂ ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

​ေဇူလိုင်လ ၂၅ ရက်နေ့ညတွင် သရက်ခေါင်းကျေးရွာ၌ ညအိပ်တပ်စွဲပြီး ဇူလိုင် ၂၆ ရက်နံနက်ပိုင်းတွင် သရက်ခေါင်းကျေးရွာနေ ပြည်သူ့နေအိမ် ၇၅ လုံးကို မီးရှို့ခဲ့ပြီးနောက် သရက်ခေါင်းကျေးရွာ အရှေ့ ဘက်ရှိ စစ်ဘေးရှောင်ပြည်သူတဲများအတွင်းမှ ကျောင်းသားကလေးငယ် ၅ ဦးကို ဖမ်းဆီးစစ်ဆေး ကာ ရှမ်းတပ်ရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ညတွင်ပိုင်းတွင် ရှမ်းတပ်ကျေးရွာကို တပ်စွဲထားပြီး ဇူလိုင်လ ၂၇ ရက်နေ့နံနက် ပိုင်းတွင် နေအိမ် ၁၁၅ လုံးကို မီးရှို့ကာ မင်းကုန်းရွာဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြောင်း၊ မင်း ကုန်းကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် ပေလယ်ကျေးရွာသို့ ဆက်လက် စစ် ကြောင်းထိုးကာ ပေလယ်ကျေးရွာမှ နေအိမ် အလုံး ၆၀ ၊သပြေသာ ၄၅ လုံး၊ ဘိုကုန်းကျေးရွာမှ နေ အိမ် ၆၄ လုံး မီးရှို့ပြီး မဲဇယ်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာခဲ့ခဲ့ကြောင်း သိရသည်။

ထိုသို့ မဲဇယ်ကျေးရွာဘက်သို့ ဝင်ရောက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထောင်းထားသော မိုင်းမိကာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ပြီး နောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာခဲ့ရာ အကြမ်းဖက်စစ်သားများမှာ မဲဇယ် ကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ် ၆၅ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“အဲလိုမီးရှို့ပြီးတော့ သူတို့က မင်းကုန်းကို ပြန်ရောက်တာ၊ မင်းကုန်းရွာ ပျူစခန်းအထိုင်ချဖို့ ပြင်တာ၊ တချို့ကတော့ မင်းကုန်းဘက်ကို ပြန်ရောက်တယ်၊တချို့ကတော့ ထန်းကုန်းဘက်ကိုဝင်ဖို့ထန်းကုန်း မှာ ဘိုတဲကုန်းဆိုတာရှိတယ်၊ အဲဒီဘက်ကို ပြန်ရောက်သွားတာ။ အဲဒီဘိုတဲ့ကုန်းကျေးရွာ ရောက်တဲ့ သူတွေက နောက်တစ်နေ့မှာ ဆူးပုတ်ကုန်းရွာကို မီးလာရှို့တယ်။ နေအိမ် ၁၀ လုံး မီး လောင်သွား တယ်” ဟု ကန့်ဘလူမြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဆူးပုတ်ကုန်းရွာကို မီးရှို့ရန်လာရောက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းမိကာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်သား၊ ပျူစောထီး များ ပူးပေါင်းကာ အင်အား ၃၀၀ ခန့်ဖြင့် မဲဇယ်ကျေးရွာ၌ အထိုင်ချစခန်းတည်ဆောက်နိုင်ရန်ပြင် ဆင်လျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က မင်းကုန်းကျေးရွာ၌ ရောက်ရှိနေသော အကြမ်းဖက်စစ်သား၊ ပျူ အင်အား ၆၀ ခန့်သည့် ညောင်ဇင်ကြီးဘက်သို့ ဆက်လက်ထွက်ခွာလားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ကလည်း မင်းကုန်းတံတား၌ ရောက်ရှိနေသော အကြမ်းဖက်စစ်၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“အခုက စစ်ဘေးရှောင်ရွာတွေက ၂၀ ဝန်းကျင်လောက်ရှိတယ်။ စစ်ဘေးရှောင်ပြည်သူက ၃ သောင်း ကျော်လောက်ရှိမယ်။ မီးရှို့ခံရတဲ့ရော ပတ်ဝန်းကျင်ကရွာတွေရော၊ ထွက်ပြေးနေကြရတာ၊ ဒီနေ့ကတော့ တောင်တဲကုန်းရွာကို ထပ်ရှို့တယ်။ တောင်တဲ့ကုန်းကတော့ ဘယ်လောက်ရှို့ခံရတဲ့ အိမ်ခြေဘယ်လောက်မသိရသေးဘူး။ ဖမ်းခံရတဲ့ ကျောင်းသားလေး ၅ ဦးက နောက်တစ်နေ့ ပြန် လွှတ်ပေးထားခဲ့တယ်၊ သူတို့စစ်ဆေးမေးမြန်းတာလောက်ပဲရှိတယ်။ လက်ရှိတော့ဖမ်းဆီးခံရတဲ့သူ မရှိဘူး။အဓိကတော့ နယ်မြေပြန်လုတာ၊ ထန်းကုန်းကနေ ရွှေဘိုဘက်အထိထွက်တဲ့ဘောင် လျှောက် ကြီးရှိတယ်။ အဲဒီဘောက်လျှောက်ကြီးကနေ ဇီးကုန်းဘက်သို့ လမ်းပြန်ရချင်လို့နဲ့တူတယ်။ အဲဒီဘက် ကို အထိုင်ချမလို့ ကြံနေတာ၊ အခုတော မင်းကုန်း၊ ညောင်ဇင်ကြီးနားမှာတပ်စွဲထားတုန်း၊ ဘန်ကာ တွေ တောင်ဆောက်လုပ်နေကြပြီ။” ကန့်ဘလူမြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကန့်ဘလူခရိုင်တပ်ရင်း ၄ ၊ ကန့်ဘလူခရိုင်တပ်ရင်း ၃ ၊ PLA နှင့် ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကန့်ဘလူခရိုင်တပ်ရင်း ၄ မှ ရဲဘော်တစ်ဦး ကျဆုံးကာ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article