27 C
Yangon

စဉ့်ကူးမြို့နယ်အတွင်းမှ တရုတ်နိုင်ငံသား ၁၅ ဦးကို မန္တလေး PDF က နေရပ်သို့ ပြန်ခွင့်ပြု

Must read

စဉ့်ကူးမြို့နယ်အတွင်းမှ တရုတ်နိုင်ငံသား ၁၅ ဦးကို မန္တလေး PDF က နေရပ်သို့ ပြန်ခွင့်ပြု

ရန်ကုန်၊ ဩဂုတ် ၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းမှ တရုတ်နိုင်ငံသား ၁၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က နေရပ်သို့ ပြန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ထိန်းချုပ်နယ်မြေအတွင်းရှိ တရုတ်နိုင်ငံသားများကို နေရပ်သို ပြန်ခွင့်ပြုခဲ့ကြောင်း၊ စဉ့်ကူးမြိုနယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသော တရုတ်နိုင်ငံသား ၁၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က တွေ့ဆုံစစ်ဆေးပြီးနောက် ၄င်းတို၏ သဘောဆန္ဒအရ နေရပ်ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၄ ရက်နေ့တွင် တရုတ်နိုင်ငံသား ၁၅ ဦးကို မိမိတို့၏ ထိန်းချုပ်နယ်မြေအဆုံးတစ်နေရာအထိ လုံခြုံစွာ ပိုဆောင်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article